ခိုလမ် မတ် ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်စျေးနှုန်း စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့မွန်းလွဲ (၂)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့စည်ပင်သာယာရေးဌာနနှင့် နယ်မြေရဲစခန်းတို့ပူးပေါင်း၍ သတ်မှတ်ထားသော ဆီစျေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မြို့အတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေး၊ မီးသတ်ဆေးဘူးထားရှိစေရေး၊ မီးသုံးစွဲမှု စနစ်တကျရှိစေရေးနှင့် မီးဘေးအန္တရာယ်များ ကင်းရှင်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအကြံပြုခြင်းများ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)