မြို့သစ်မြို့နယ်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဆက်လက်ဖွင့်လှစ်သင်ကြား

မြို့သစ် မတ် ၂၉

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကာလ၌ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ပန်းချီရေးဆွဲရာတွင် အခြေခံကျကျ  ရေးဆွဲတတ်စေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို  မတ် ၂၁ ရက်နေ့ နံနက်ပိုင်းကစတင်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre )ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့တွင် ဆက်လက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club)အဖွဲ့ဝင်ဖြစ်သည့် ပန်းချီဆရာ ဦးတင်မောင်ဝင်းက သင်တန်းနည်းပြအဖြစ်ဆောင်ရွက်ကာ အခြေခံပန်းချီရေးဆွဲရာတွင် ပါဝင်ရမည့်အချက်များ၊ ပန်းချီရေးဆွဲမည့်ပုံစံအမျိုးမျိုး၊ အရောင်ခြယ်ပုံ ခြယ်နည်း၊ အလင်းအမှောင်နှင့် ပန်းချီရေးဆွဲနည်းဆိုင်ရာအကြောင်းအရာများကို သင်ကြားပြသပေးခဲ့သည်။

အဆိုပါ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် အခြေခံပညာ မူလတန်း/ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၂)ဦး တက်ရောက်ကာ မတ်လ (၂၁) ရက်နေ့မှ ဧပြီလ (၅)ရက်နေ့အထိ၊ နံနက် (၈)နာရီမှ (၉)နာရီအထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါကကျောင်းသား၊ ကျောင်းသူများအတွက် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)