မဟာအောင်မြေမြို့နယ်၌ ဓမ္မာစရိယစာမေးပွဲ ကျင်းပ

မဟာအောင်မြေ မတ် ၂၉

မန္တ‌လေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်း၌ ယ‌မန်နေ့ မွန်းတည့် (၁၂) နာရီအချိန်က မြို့နယ်သံဃာ့ နာယကဆရာတော်ကြီးများ ကြီးကြပ်မှုဖြင့် ဓမ္မာစရိယစာမေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာမေးပွဲဖြေဆိုရာတွင် မြို့နယ်အတွင်းရှိ စာသင်တိုက်များမှ ဓမ္မာစရိယစာမေးပွဲကို  ပါရာဇိက (ပ) နေ့ စာရင်းရှိ (၁၁၃၃)ပါး၊ ဖြေဆိုသံဃာတော် (၁၀၀၀)၊ ပျက်ကွက် (၁၃၃)ပါး ၈၈.၂၇% ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

မဟာအောင်မြေမြို့နယ်၌ ဓမ္မာစရိယစာမေးပွဲများကို ပရိယတ္တိသာသနာ ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ နှစ်စဉ် ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ဓမ္မာစရိယစာမေးပွဲကို မတ်လ (၂၈) ရက်နေ့မှ ဧပြီလ (၂) ရက်နေ့အထိ ကျင်းပပြုလုပ်‌ပေးမည်ဖြစ်ကြောင်းနှင့် ပါရာဇိက(ဒု)နေ့ စာရင်းရှိ (၁၁၃၃)ပါး၊ သီလက္ခန္ဓ(ပ)နေ့ စာရင်းရှိ  (၁၁၄၆)ပါး၊ သီလက္ခန္ဓ(ဒု)နေ့ စာရင်းရှိ  (၁၁၄၆)ပါး၊ ဓမ္မသင်္ဂဏီ(ပ)နေ့ စာရင်းရှိ(၈၉၇)ပါး၊ ဓမ္မသင်္ဂဏီ(ဒု)နေ့ စာရင်းရှိ(၈၉၇)ပါးတို့ ‌ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ၏ လမ်းညွှန်မှုနှင့် သာသနာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများနှင့် သာသနာ့အကျိုးတော်ဆောင်အဖွဲ့များ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောင်ဇော်မင်း