ဘားအံ မတ် ၂၉
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားတွင် ကရင်ပြည်နယ် ဥပဒေချုပ်ဦးရဲလွင်က ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်၏ လမ်းညွှန်မှာကြားချက်များ၊ ဒုတိယရှေ့နေချုပ်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့် ရှင်းလင်းပြောကြားပြီး ပြည်နယ်ဥပဒေအရာရှိ ဦးတင်မြင့်ဦးက ညွှန်ကြားရေးမှူးချုပ်များ၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းဆွေးနွေးမှာကြားသည်။
အဆိုပါ ထပ်ဆင့်ရှင်းလင်းပွဲသို့ ကရင်ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ် ဥပဒေအရာရှိ (၂၉)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)