သနပ်ပင် မတ် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာမောင်မင်းစိုး၏ “လူငယ်နှင့်အထက်တန်းစားစိတ်ဓာတ်”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သနပ်ပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ညိုပြာက စာဖတ်ဝိုင်းများကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အမျိုးသမီးအဖွဲ့ဒေါ်မြင့်မြင့်ဌေးမှ စာရေးဆရာ၏ စာပေဘဝဖြတ်သန်းလာရပုံများရှင်းလင်းခြင်းနှင့် ဆရာ၏စာအုပ်တွင် လူငယ်တို့အထက်တန်းစားစိတ်ဓာတ်များထားရှိတတ်စေရန် ရေးသားသည်မှာ စာဖတ်သူတို့ အကြိုက်တွေ့စေမည့် စာပေများဖြစ်ကြောင်းစသည့်အချက်များအားပြောကြားပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ပြောဆိုဆွေးနွေးခဲ့ကြောင်း သိရသည်။
လှမိုး (ပြန်/ဆက်)