Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနအား မူလအမည်ဖြစ်သည့်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန အမည်ပြောင်းလဲခြင်းနှင့် ရုံးဆိုင်းဘုတ်တင်ပွဲပြုလုပ်
Apr 02,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာနအားမူလအမည်ဖြစ်သည့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနအမည်သို့ ၂၀၂၄ ခုနှစ်၊ ဧပြီ(၁)ရက်နေ့မှ စ၍ ပြောင်းလဲပြင်ဆင်သတ်မှတ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၇၉/၂၀၂၄) ပြောင်းလဲ ပြင်ဆင်သတ်မှတ်ချက်အရ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့မြေစာရင်းဦးစီးဌာနရုံးတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအား ကြေးတိုင်နှင့်မြေ စာရင်းဦးစီးဌာနအမည်သို့ ဌာနအမည် ပြင်ဆင်ပြောင်းလဲခြင်းနှင့် ရုံးဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း ရှင်းလင်းဟောပြော
Apr 02,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အများပြည်သူများ ကျယ်ပြန့်စွာသိရှိနားလည်စေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ဘူးဖာကျေးရွာ၊ ကောင်းမှူးကျေးရွာနှင့် ဝမ်ပုံကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်တွင် ဥပ္ပါတသန္တိကျမ်းရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 02,2024
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ရည်ရွယ်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ၂၀၂၄-ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ မေလ (၅) ရက်နေ့အထိ (၁၂၆)ရက်တိုင်တိုင် ဥပ္ပါတသန္တိကျမ်းရွတ်ဖတ်ပူဇော်ပွဲအား မြို့နယ်များအလိုက် အလှည့်ကျ ကျင်းပပြုလုပ်လျက်ရှိရာ မတ် ၃၁ ရက်နေ့ နံနက်(၅)နာရီခွဲအချိန်ကလည်း ရန်ကုန်မြို့ တာမွေမြို့နယ် မလွှကုန်းဌေးကြွယ် (က) ရပ်ကွက် သမ္မာဒိဌိလမ်းရှိ ဆုတောင်းပြည့် နန္ဒဝန်စေတီတော်ရင်ပြင်တွင် ဥပ္ပါတသန္တိကျမ်းရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဆင်းပွဲကျင်းပ
Apr 02,2024
ကရင်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂၀)စက်မှုလယ်ယာစခန်း၊ ဘားအံမြို့မှ လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၈ နာရီက ဘားအံမြို့နယ်၊ ခြံကလေးကျေးရွာ၊ ခြံကလေးအောင်ရတနာကျောင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ Digital Library Management System (DLMS) ရေးသွင်းနည်းသင်တန်း ဖွင့်လှစ်
Apr 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက် (၁၀) နာရီက Digital Library Management System (DLMS) ရေးသွင်းနည်းသင်တန်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Apr 02,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ရပ်ကွက်၊ ကျေးရွာများရှိ အသက်(၂)နှစ်အောက် ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား
Apr 02,2024
နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိရှိ အသုံးချနိုင်စေရန်၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်၊ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ မိမိကိုယ်ကို ခုခံကာကွယ်နိုင်စေရန်နှင့် ရိုးရာအားကစားနည်းများကို မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် အားကစားကွင်းများတွင် မတ်လ ၁၉ ရက်မှစတင်၍ အားကစားနည်း ၇ မျိုးကို သင်တန်းဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့ မဟာမြတ်မုနိဘုရားကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပွဲနှင့် အလှူငွေပေးအပ်လှူဒါန်းပွဲ ကျင်းပ
Apr 02,2024
လားရှိုးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပွဲနှင့် အလှူငွေပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မဟာမြတ်မုနိဘုရားရင်ပြင်တော်တွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9279
Page
9280
Page
9281
Page
9282
Current page
9283
Page
9284
Page
9285
Page
9286
Page
9287
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department