အမြို့မြို့အနယ်နယ်သတင်းများ

Apr 02,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအမည်မှ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနအမည်သို့ အမည်ပြောင်းဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီအချိန်က ရန်အောင်မြင်ရပ်ကွက်၊မြို့နယ်မြေစာရင်းဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
Apr 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်စွမ်းရည်များ ပိုမိုမြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ သပြေညိုပညာဒါနအကျိုး ဆောင်အသင်းမှ ဦးစီးဖွင့်လှစ်ထားသော ပညာဒါနအခမဲ့သင်တန်းရှိ သင်တန်းသူ၊ သင်တန်းသားများအား "စာဖတ်ခြင်းအလေ့အကျင့်ပျိုးထောင်ပါ" ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို သပြေညိုမင်္ဂလာခန်းမ (ထောက်ကြန့်) တွင် ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ သပြေညိုပညာဒါနအကျိုး ဆောင်အသင်းဥက္ကဋ္ဌ ဦးတင်ညွန့်က ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
Apr 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို (Catch-up) နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်း အစီအစဉ်ကို ယမန်နေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သတ်မှတ်နေရာအသီးသီးတို့တွင် ဆောင်ရွက်သည်။
Apr 02,2024
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးစီးကျင်းပသော မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ အရည်သွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုများရရှိစေရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ ပုဂ္ဂလိကဆေးရုံများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
Apr 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် ဘုရားကြီးရပ်ကွက်တွင် ယမန်နေ့ နံနက် (၉:၀၀) နာရီက အသက်(၁)နှစ်မှ (၅)နှစ်အထိ Catch up immunization အမှီလိုက်ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့သည်။
Apr 02,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 02,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၁) နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမတွင် ကျင်းပခဲ့သည်။