တံတားဦး ဧပြီ ၁
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ တံတားဦးခရိုင် တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် တံတားဦးမြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ မြန်မာနိုင်ငံရပ်ဖွဲ့စခန်းတွင် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ကြောင်းသိရသည်။
လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြပွဲတွင် တံတားဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းထွန်းနိုင်က လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်ကြားပြီး ပွင့်လင်းရာသီကာလသို့ ရောက်ရှိလာပြီဖြစ်၍ ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူအောင်က မီးသတ်ဆေးဗူးများထာရှိရေး၊ ဆေးဘူးများကို စနစ်တကျ ကိုင်တွယ်အသုံးပြုတတ်စေရေး၊ အခြေခံမီးသဘောတရားများ၊ မီးလောင်ခြင်းအမျိုးမျိုး၊ ကြိုတင်ကာကွယ်ရမည့် ပစ္စည်းများထားရှိမှုစသည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ စနစ်တကျ ကြိုတင်ဆောင်ရွက်ရန်တို့ကို တံတားဦးမြို့ မြန်မာနိုင်ငံရတပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်မိသားစုဝင်များအား မီးငြှိမ်းသတ်နည်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သူအောင်က ပညာပေးဟောပြောသည်။
ဆက်လက်၍ မီးငြှိမ်းသတ်နည်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အရေးပေါ်မီးငြှိမ်းသတ်မှုတွင် မီးသတ်ဆေးဘူးဖြင့် လည်းကောင်း၊ ရေစိုအဝတ်ဖြင့်လည်းကောင်း မီးငြှိမ်းသတ်ခြင်းကို အသီးသီးလက်တွေ့ သရုပ်ပြဆောင်ရွက်ပေးသည်။
လက်တွေ့ သရုပ်ပြဆောင်ရွက်ကြသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များသည် မြို့နယ်ရဲဖွဲ့မှူးရုံး၊ မြို့မရဲစခန်း၊ ဝန်ထမ်းလိုင်းခန်းမများ၌ ထားရှိရမည့် မီးသတ်ဆေးဘူး၊ မီးချိပ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးကြသည်။
ပွင့်လင်းရာသီတွင် တံတားဦးမြို့နယ်၌ မီးလောင်မှု မီးလန့်မှုများမဖြစ်ပေါ်စေရေး မီးလောင်မှုဖြစ်ပေါ်လာပါက မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းငြိမ်းသတ်နိုင်ရေးအတွက် စက်သုံးဆီ အရောင်းဆိုင်များ၊ ဌာနဆိုင်ရာရုံးအဆောက်အအုံများကို အသိပညာပေး ဟောပြောမှုများနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သူအောင်၏ ပြောကြားချက်အရ သိရသည်။
ရဲတင့်(ပြန်/ဆက်)