ကဝမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ

ကဝ ဧပြီ ၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ပြည်သူ့စစ်မူထမ်းဥပဒေဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက် (၈) နာရီက လူစည်ကားရာနေရာဖြစ်သည့် ပဲခူး-ကဝလမ်းမကြီးဘေး၌ စိုက်ထူခဲ့သည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကဝမြို့လူစည်ကားရာ နေရာဖြစ်သော ပဲခူး-ကဝလမ်းမကြီးဘေး၌ ပြည်သူစစ်မှုထမ်းဥပဒေဆိုင်ရာများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိနိုင်စေရန် စိုက်ထူခဲ့ကြောင်း သိရသည်။

ရဲဇော်ဟိန်း (ပြန်/ဆက်)