တိုက်ကြီး ဧပြီ ၁
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် မြေစာရင်းဦးစီးဌာနမိသားစု ပရိတ်တရားတော်နာယူခြင်းနှင့်ဆိုင်းဘုတ်တင်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၆ နာရီခွဲက ကျင်းပကြောင်း သိရသည်။
ဦးစွာ ဝန်ကြီးဌာနကိုယ်စားပြုခရိုင်ရုံး၊ တိုက်ကြီးခရိုင်မိသားစုများနှင့် မြို့နယ်မြေစာရင်းဦးစီးဌာနမိသားစုတို့က ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များနာယူသည်။ ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနအမည်မှ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနအမည်သို့ ဧပြီလ ၁ ရက်နေ့မှစတင်၍ ပြောင်းလဲပြင်ဆင်ခြင်းဖြစ်သော တိုက်ကြီးမြို့နယ်မြေစာရင်းဦးစီးဌာနအမည်ဖြင့် ဆိုင်းဘုတ်တင်ခြင်းအခမ်းအနားကိုကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တိုက်ကြီးမြို့နယ် မြေစာရင်းဦးစီးဌာနဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ဖွင့်လှစ်ပေးသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၊ မြို့နယ်မြေစာရင်းဦးစီးဌာန ဦးစီးအရာရှိဦးဇော်ဝင်းထွဋ်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)