ဝမ်းတွင်းမြို့၌ မီးဘေးကြောင့် လုံးဝပျက်စီးသွားသော နေအိမ်ပိုင်ရှင်အား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်

ဝမ်းတွင်း    ဧပြီ      ၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၌ မီးဘေးကြောင့် လုံးဝပျက်စီးသွားသော နေအိမ်(၁)လုံးအတွက် အိမ်ပိုင်ရှင်အား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ဝမ်းတွင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှူဦးစီးဌာနအနေဖြင့် ဝမ်းတွင်းအမှတ်(၁)ရပ်ကွက်တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးနေအိမ် (၁)လုံးအတွက်  အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ(၃)ဦးအတွက် ဆန် ရိက္ခာဖိုးငွေ၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး တန်ဖိုး (၅၉,၂၈၅)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၆၅,၅၈၅)ကျပ်အား တာဝန်ရှိသူများက ဘေးသင့်ပြည်သူများထံ ကွင်းဆင်း၍ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ကိုရဲ(ဝမ်းတွင်း)