ကျွန်းစုမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကျွန်းစု ဧပြီ ၂

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁) နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် မြို့နယ်တစ်ဝှမ်း ဘေးအန္တရာယ်ကင်းဝေးရေးကို ရည်ရွယ်၍ သံဃာတော်များထံမှ ပရိတ်တရားတော်နာယူပြီး အသက်(၇၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ပူဇော်ကန်တော့ပွဲ ကျင်းပနိုင်ရေးနှင့် ကျွန်းစုမြို့၊ အမှတ်(၁)ရပ်ကွက်၊ သံသရာအေးစေတီတော်အနီးရှိ ရွှေသာလျောင်း ဘုရားကြီးအား ရေသပ္ပာယ်ပူဇော်ခြင်းနှင့် သင်္ကြန်ပွဲတော်အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးတို့ကို ပြောကြားခဲ့​ပြီး ဌာနဆိုင်ရာအကြီးအကဲများက စတုဒီသာကျွေးမွေးရေး၊ ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)