အမြို့မြို့အနယ်နယ်သတင်းများ

Apr 02,2024
ပွင့်လင်းရာသီရောက်ရှိနေပြီး ဖြစ်ပြည်သူများ မီးဘေးအန္တယ်ရာယ်ကင်းဝေးစေရေး၊ မီးသတိပြု၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့က ငါ့သရောက်မြို့အတွင်း၊ ကျေးရွာများတွင် မြို့မီးသတ်အဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 02,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် (၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၁၀)နာရီမှ ညနေ(၂)နာရီအချိန်ထိ ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံပေးလျက်ရှိသည်။
Apr 02,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ၊ ကျန်းမာရေးဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍  ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို  ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က လိပ်သိုတိုက်နယ်ကျန်းမာရေးဌာန၌ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ကိုယ်ဝန် ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Apr 02,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမား ပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေး အကြောင်းအရာများကို  ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့ဦးစီးဌာနရုံး ရုံးရှေ့နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီ၌ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်  ကျင်းပသည်။
Apr 02,2024
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲ(၃)နာရီခွဲအချိန်က ကြက်ခြေနီ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၂/၂၀၂၄) ဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အသက်(၁)နှစ်မှ(၅)နှစ်အရွယ်ကလေးငယ်များကို Catch-Up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းအစီအစဉ်ကို ယနေ့နံနက်ပိုင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သတ်မှတ်နေရာများတွင် ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
Apr 02,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မြိတ်ခရိုင်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့်တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းကို ယနေ့နံနက်(၈)နာရီက အ.ထ.က(၁)မြိတ် ပညာ့ဗိမာန်ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။