မိုင်းဖြတ်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပ​ဒေအ​ကြောင်း ရှင်းလင်း​ဟော​ပြော

မိုင်းဖြတ် ဧပြီ ၂

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပ​ဒေကို အများပြည်သူများ ကျယ်ပြန့်စွာသိရှိနားလည်​စေ​ရေးအတွက် အသိပညာ​ပေး​ဟော​ပြောပွဲကို ယမန်​နေ့နံနက်ပိုင်းက ဘူးဖာ​​ကျေးရွာ၊ ​ကောင်းမှူး​ကျေးရွာနှင့် ဝမ်ပုံ​ကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

​ရှေးဦးစွာ ဘူးဖာ​ကျေးရွာတွင် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၊ အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးညီဝင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အောင်၊ အတွင်း​ရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးချမ်းမျိုးနှင့် တာဝန်ရှိသူများ ပြည်သူ့စစ်မှုထမ်းဥပ​ဒေရည်ရွယ်ချက်များ၊ ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရခြင်း၏ အ​ကြောင်းအရာများနှင့် အကျိုးခံစားခွင့်များ၊ ပြည်သူများအ​နေဖြင့် ပြည်သူ့စစ်မှုထမ်း ဥပ​ဒေပ​ဒေအ​ပေါ် စိုးရိမ်ရန်မလိုသည့် အချက်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ထမ်းဆောင်ရမည့်ကာလ စုံစမ်း​မေးမြန်းနိုင်သည့်အ​ခြေအ​နေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၊ အဖွဲ့ဝင်များက ​ကောင်းမှူးကျေးရွာ၊ ဝမ်ပုံ​ကျေးရွာများသို့ ဆက်လက်​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)