ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ Digital Library Management System (DLMS) ရေးသွင်းနည်းသင်တန်း ဖွင့်လှစ်

သင်္ဃန်းကျွန်း ဧပြီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက် (၁၀) နာရီက Digital Library Management System (DLMS) ရေးသွင်းနည်းသင်တန်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က ပြည်သူ့စာကြည့်တိုက်များအနေဖြင့် ပြောင်းလဲလာသော‌ ခေတ်စနစ်နှင့်အညီ Digital Library Management System (DLMS) စနစ်အသုံးပြု၍ စာအုပ်များ ငှားရမ်းနိုင်ရေးအတွက် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ စာကြည့်တိုက်တာဝန်ခံများသာမက ဝန်ထမ်းတိုင်း Digital Library Management System (DLMS) သိရှိနားလည်ပြီး ကျွမ်းကျင်စွာ အသုံးပြုနိုင်ပြီး လုပ်ငန်းများ စွမ်းဆောင်ရည်မြင့်မားကြစေရန်နှင့် သင်တန်းတက်ရောက်ပြီးပါက မိမိရုံးရှိ ပြည်သူ့စာကြည့်တိုက်များတွင် ပြန်လည်အသုံးချသွားကြရန် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ဧပြီလ(၁)ရက်နေ့မှ (၅)ရက်နေ့ထိ (၅)ရက်တာသင်တန်း ပို့ချပေးသွားမည်ဖြစ်ပြီး Digital Library Management System (DLMS) စာရင်းရေးသွင်းနည်းကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းကို ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ်ရုံးများမှ သင်တန်းသား/ သင်တန်းသူ (၂၄) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းအောင်(ပြန်/ဆက်)