အိမ်မဲ ဧပြီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မီးသတ်စခန်းရှေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ အပူဒဏ်အန္တရာယ်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် (၈)နာရီအချိန်တွင် ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြသည်။
အပူဒဏ်အန္တရာယ်ကာကွယ်ရန်အတွက် သိရှိလိုက်နာသင့်သောအချက်များကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အသံချဲ့စက်ဖြင့်လည်းကောင်း၊ အပူဒဏ်အန္တရာယ် ကာကွယ်နိုင်ရန်အတွက် အသိပညာပေးလက်ကမ်း စာစောင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့မှ လမ်းသွားလမ်းလာ ပြည်သူများအား အသိပညာပေးပြီး ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်ကျန်းမာရေးဦးစီးဌာနအနေဖြင့် အပူဒဏ်ကာကွယ်ရေးနှိုးဆော်ချက်များကို အသံချဲ့စက်ဖြင့် မြို့နယ်အတွင်း ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေဖြင့် မြို့နယ်ကျန်းမာရေးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်
(အိမ်မဲ ပြန်/ဆက်)