ရွာငံ ဧပြီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ ချပြရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ဗထူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက စစ်မှုထမ်းဥပဒေကြောင့် ပြည်သူများစိုးရိမ်လျက်ရှိသော ကောလဟာလများနှင့်ပတ်သက်၍ ယုံကြည်လွဲမှားမှုများ မဖြစ်ပေါ်စေရေး စသည်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်ကျော်ဝင်းက ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် အသက်အပိုင်းအခြားနှင့် ထမ်းဆောင်ရမည့်ကာလများ၊ စစ်မှုထမ်းခြင်းအတွက် ယာယီကင်းလွတ်ခွင့်ရှိသူများနှင့် ဆင့်ခေါ်စာရရှိပါက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ပြစ်မှုပြစ်ဒဏ်နှင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများမှ သိလိုသည်များအား မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ကြသည်။
ထို့နောက် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးသန္တာနိုင်က အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)