ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ

လွိုင်လင် ဧပြီ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့မဈေးကြီးရှေ့ နာရီစင်အနီးနှင့် ဈေးအတွင်းရှိ ပြည်သူများကို ဖြန့်ဝေပေးခဲ့သည်။

သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက လမ်းသွား လမ်းလာပြည်သူများ၊ ဈေးသူဈေးသားများကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်