Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဝိုင်းမော်မြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Apr 06,2024
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း မတည်ငြိမ်မှုများကြောင့် မြို့နယ်အသီးသီးတွင် ယာယီနေရပ်စွန့်ခွာသူများက ဘာသာရေးကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလုံလျက်ရှိရာ အဆိုပါ ယာယီနေရပ်စွန့်ခွာသူများ၏ နေထိုင်စားသောက်ရေး ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ လိုအပ်ချက်မရှိစေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးခက်ထိန်နန်မှ သက်ဆိုင်ရာဌာနများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီက ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာအလယ်ပိုင်းရှိ မာန်အောင်ဘုန်းကြီးကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၂၀၂၄ခုနှစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသ…
Apr 06,2024
၂၀၂၄ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလားခရိုင် ပေါင်းစုံအသက်(၂၅)နှစ်အောက် (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြိုနယ်ရှိ ဗထူးအားကစားကွင်း မိုးလုံလေလုံ အားကစားကွင်းခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ ဒိုင်လူကြီးများ၊ ပြိုင်ပွဲဝင်ခရိုင်အသင်းများမှ အုပ်ချုပ်သူနည်းပြများ၊ အားကစားသမားများနှင့် ဘော်လီဘောဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်ကျောက်ဆည်ခရိုင်အတွင်း ဘိလပ်မြေစက်ရုံ၊ စိုက်ပျိုးရေးသုတေသနခြံ၊ PUCCI Cake စက်ရုံ၊ ပန်ဒါချည်မျှင်အထည်နှင…
Apr 06,2024
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီးကျောက်ဆည်ခရိုင် အတွင်းရှိ Alpha ဘိလပ်မြေစက်ရုံ၊ စိုက်ပျိုးရေးသုတေသနခြံ၊ PUCCI Cake စက်ရုံ၊ ပန်ဒါချည်မျှင်အထည်နှင့် အချောကိုင်စက်ရုံ နေရာများသို့ ဧပြီ ၄ ရက် မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ဝန်ကြီးချုပ် မွန်ပြည်နယ် ဆန်စက်လုပ်ငန်းများ၏ အချက်အလက်များ ကောက်ယူခဲ့သည့် အခြေအနေအား ရှင်းလင်းတင်ပြခြင်းအခမ်းအနား တက်ရောက်
Apr 06,2024
မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း၏ အဖွဲ့အစည်း ပရိုဖိုင်စာအုပ်မိတ်ဆက်ခြင်းနှင့် ပြည်နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းများ၏ အချက်အလက်များ ကောက်ယူခဲ့သည့် အခြေအနေအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ Royal Mawlamyine Hotel၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်တွင် နွေးစပါးစံပြကွက် ရိတ်သိမ်းခြင်းနှင့် စိုက်ပျိုးနည်းပညာပေး ဆွေးနွေးပွဲဆောင်ရွက်
Apr 06,2024
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် နွေစပါးစိုက်ပျိုးသည့် တောင်သူများ တစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နွေးစပါးစံပြကွက် ရိတ်သိမ်းခြင်းနှင့် နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ချောင်းဆုံအနောက်ရပ်ကွက် ကွင်းအမှတ်-၇၁၃/၁၊ ဦးပိုင်(၃၂/၇)ရှိ စိုက်ဧက(၅)ဧကတွင် ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ခရိုင်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ
Apr 06,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ခရိုင်အဆင့် နည်းပြသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က-ဘုတ်ပြင်း နဝရတ်ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများ သင်ကြားနေမှုအား ကြည့်ရှုအားပေး
Apr 06,2024
သင်ကြားမှုသင်ယူမှု နည်းစနစ်များဖွံ့ဖြိုးတိုးတက်၍ ရပ်ရွာအတွင်းရှိ စာမတတ်သူ ကျောင်းမနေဘူးသူများ ပညာရေးနှင့်ရင်းနှီးကျွမ်းဝင်ပြီး စာတတ်မြောက်ရေးမြှင့်တင်နိုင်ရန် ရပ်ကွက်ကျေးရွာအလိုက် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများကို ညောင်ဦးမြို့နယ်အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိရာ ညောင်ဦးခရိုင်နှင့်မြို့နယ်အဆင့် စာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များသည် ယနေ့နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန်
နှစ်သစ်ကူး သင်္ကြန်ကာလအတွင်း YBS ခရီးသည်တင်မော်တော်ယာဉ်များ ပုံမှန်ဈေးအတိုင်း ပြေးဆွဲပေးမည်
Apr 06,2024
ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ နှစ်သစ်ကူးသင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများအဆင်ပြေရန် ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော YBS ခရီးသည်တင်ယာဉ်များအား ပုံမှန်ဈေးအတိုင်း ပြေးဆွဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)မှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9235
Page
9236
Page
9237
Page
9238
Current page
9239
Page
9240
Page
9241
Page
9242
Page
9243
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department