မိုင်းနောင် ဧပြီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၄ ရက်နေ့ နံနက် (၉)နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မိုင်းနောင်မြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းက ဒေသနေ တိုင်းရင်းသားများအားလုံး လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လူတိုင်းစာတတ်မြောက်ရေး၊ စာပေမှတဆင့် အသိပညာဗဟုသုတများတိုးပွားလာစေရန် အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများမှ အခြေခံသင်ရိုးများကို ကြိုးစားသင်ယူကြရန် ပြောကြားကာ သင်တန်းနည်းပြဆရာတစ်ဦးက အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်း၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနည်းပြ ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)