လိပ်သိုမြို့၌ အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်

လိပ်သို ဧပြီ ၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ မြို့ပေါ်/ရပ်ကွက်နှင့် ကျေးရွာများရှိ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင် ထောက်ပံ့ငွေများအား ယနေ့ နံနက်ပိုင်းက မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးရာတွင် နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင်ငွေ တစ်လလျှင် (၁၀၀၀ဝိ/-) ကျပ်နှုန်းဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ (၃) လစာ အတွက် (၃၀၀၀ဝိ/-) ကျပ်စီကို မြို့ပေါ်/ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ အသက် (၈၅)နှစ်နှင့် အထက် ဘိုးဘွား (၄၂) ဦးတို့အား တစ်ဦးလျှင် ငွေကျပ် သုံးသောင်းစီကို တာဝန်ရှိသူတို့က အိမ်အရာက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)