မိုင်းရယ်မြို့၌ နွေစပါးနှင့် ဆောင်းသီးနှံစုံ ၂၁၀၆၄ ဧက စိုက်ပျိုးနိုင်ခဲ့

မိုင်းရယ် မတ် ဧပြီ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် ဆည်ရေသောက်၊ ဒေသအလိုက် သဘာဝချောင်းများတွင် ဒေသကျောက်ဖြည့် မျှောရိုက်ဆည်စနစ်များဖြင့် နွေစပါးနှင့် ဆောင်းသီးနှံစုံ ၂၁၀၆၄ ဧကကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်လုံးအနေဖြင့် နွေစပါးနှင့်ဆောင်းသီးနှံစုံကို ၇၁၇၉ ဧက စိုက်ပျိုးရန်လျာထားခဲ့ပြီး ၁၃၈၈၅ ဧက တိုး၍စိုက်ပျိုးနိုင်ခဲ့သည်။ နွေစပါးစိုက်ပျိုးထုတ်လုပ်မှုတွင် ၁၁၇ ဧက စိုက်ပျိုးရန် လျာထားပြီး အမှန်တကယ်မြေပြင်တွင် ၁၃၁ ဧက တိုး၍ စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ပြောင်းလဲလာသော ရာသီဉတုအလိုက် လိုက်လျောညီထွေမှုရှိသည့် သီးနှံပုံစံပြောင်းလဲစိုက်ပျိုးနိုင်ရေး မျိုးသစ်စမ်းသပ်ကွက်များ စိုက်ပျိုးပြသသည့်အပြင် သီးနှံအလိုက် အထွက်နှုန်းတိုးစေမည့် သိပ္ပံနည်းကျစိုက်ပျိုးနည်းများ၊ သီးနှံများ ပိုးမွှားရောဂါကျရောက်ပျက်စီးမှုမရှိစေရေးအတွက် စိုက်ပျိုးရေးဝန်ထမ်းများက ကျေးရွာများရှိ စိုက်ပျိုးခင်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။              

မိုင်းရယ်(ပြန်/ဆက်)