အမြို့မြို့အနယ်နယ်သတင်းများ

Apr 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော လောကမှန်ကူ သိဒ္ဓိရှင်ဆု တောင်းပြည့် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယမန်နေ့မှစတင်၍ ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများဖြင့် စည်ကာလျက်ရှိပြီး ဘုရားဖူးပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လူဦးရေမှတ်ပုံတင်ခြင်းလုပ်ငန်းဖြစ်သည့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းများ အား ကန်ကြီးထောင့်မြို့နယ် ဦးစီးမှူးရုံးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Apr 09,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်း သားပြည်သူများအားလုံး စာတတ်မြောက်စေရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 09,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် မြစ်ကြီးနား မြို့နယ်နှင့် ဝိုင်းမော်မြို့နယ်များမှ နေရပ်ကျေးရွာများကို စွန့်ခွာ၍ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းရှိ ဆွတ်ငိုင်တောင်စခန်းသို့ ယာယီတိမ်းရှောင်လာခဲ့ကြသော အိမ်ထောင်စုများအား ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဧပြီ ၈ ရက် ညနေ ၃ နာရီက သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။
Apr 09,2024
မကွေးတိုင်းဒေသကြီး၊ တောင်းတွင်းကြီးမြို့ ဗိဿနိုးပျူမြို့တော်ဟောင်း ရွှေရောင်တော်ဘုရားအတွင်း ကျင်းပသည့် ရှင်းအပါး ၅၀၀၀ ရှင်ပြုအလှူပွဲမှ သာသနာ့ဘောင်အတွင်း သွတ်သွင်းပေးခဲ့ပြီး ရေနံချောင်းမြို့နယ်သို့ ပြန်လည်ရောက်ရှိလာသည့် ရှင်သာမဏေ ၂၅၀ ပါးအား အရုဏ်ဆွမ်းလောင်းလှူခြင်း၊ နေ့ဆွမ်းဆက်ကပ်ခြင်းနှင့် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ပို့ချခြင်းများကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 09,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ယနေ့ နံနက်(၉)နာရီက ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ရှင်အပါး (၅၀၀၀)ရှင်ပြုပွဲမှ ပြန်လည်ရောက်ရှိလာသည့် ရှင်သာမဏေ အပါး (၁၅၀)တို့သည် အမှတ်(၂)ရပ်ကွက်၊ ရွှေစည်းခုံစေတီတော်မှ ယာယီသီတင်းသုံးရာနေရာ အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ကံမ)သို့ ဒုတိယနေ့အဖြစ် ဆွမ်းအလှူခံ ကြွရောက်တော်မူကြရာ ဆွမ်းခံကြွရာ လမ်းတစ်လျှောက်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များက ဆွမ်း၊ ဆွမ်းဟင်းနှင့် ချိုချဉ်ရသာအဖြာဖြာတို့ကို ဆပ်ကပ်လောင်းလှူခဲ့ကြကြောင်း သိရသည်။
Apr 09,2024
ပညာရေးဝန်ကြီးဌာနမှ လူမှုဘဝမြင့်မားစေရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားနိုင်သည့် ကျေးလက်နေပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများကို ဧပြီလ (၆)ရက်​နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Apr 09,2024
၂ဝ၂၃ -၂ဝ၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘောလီဘော အားကစားပြိုင်ပွဲတွင် အောင်ပွဲရရှိခဲ့သော မန္တလေးတိုင်းဒေသကြီး အမျိုး သမီးဘောလီဘောအားကစားအသင်းအား မန္တလေးတိုင်းဒေသကြီး ဘောလီဘောဆပ်ကော်မတီမှ ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်း အနားကို ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊ ၂၉×၃၀ လမ်းကြား၊ ၇၀×၇၁ လမ်းကြား၊ ဗထူးအားကစားကွင်း အတွင်းရှိ မန္တလးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ယမန်နေ့ညနေ (၅)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။