အမြို့မြို့အနယ်နယ်သတင်းများ

Apr 08,2024
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့  ရေလည်ကျောင်းရိပ်သာဝင်းအတွင်းရှိ ဗိမာန်၌ ယနေ့မွန်းတည့်(၁၂)နာရီအချိန်က မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 08,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်း၌ အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာကို ပြီး‌‌ဆုံးအောင် မသင်ကြားနိုင်သည့် ပြည်သူများ၏ လူမှုဘဝမြင့်မားလာစေရန် ရည်ရွယ်၍ မြို့နယ်အဆင့် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများကို ဧပြီလ ၆ ရက်နေ့က စတင်ဖွင့်လှစ် သင်ကြား‌ပေးလျက်ရှိကြောင်း သိရသည်။
Apr 08,2024
ဧရာဝတီတိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်နှင့် SCM Sport Collection Myanmar Company မှ ပူးပေါင်းကျင်းပသော SCM U-15 Tournament Cup (ပုသိမ်မြို့) အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ကျောက်တိုင် အားကစားကွင်း၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများနှင့် အသင်းနည်းပြ၊ အုပ်ချုပ်သူများ၊ ဘောလုံးဝါသနာရှင်ပြည်သူများ တက်ရောက်ခဲ့သည်။ ဗိုလ်လုပွဲတွင် HINTADA (ဟင်္သာတ) FC ဘောလုံးအသင်းနှင့် NEW BLOOD FC ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ HINTADA FC ဘောလုံးအသင်းက NEW BLOOD ဘောလုံးအသင်းအား ငါးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
Apr 08,2024
ပညာရေးဝန်ကြီးဌာနမှ လူမှုဘဝမြင့်မားစေရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာကိုပြီးဆုံးအောင် မသင်ကြားနိုင်သည့်ကျေးလက်နေပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ အခြေခံစာတတ်မြောက်ရေးအတွက် စာသင်ဝိုင်း(၅၇)ဝိုင်းကို ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
Apr 08,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နေ့လယ်ပိုင်းအချိန်က လျှပ်စစ်ရုံးမှ ဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့သည်။
Apr 08,2024
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးညှိနှိုင်ဆွေးနွေးပွဲကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အေးချမ်းသာယာခန်းမ၌ ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
Apr 08,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်နွေရာသီ၌ နွေစပါးကို မျိုးစေ့ချကိရိယာ (Drum Seeder) အသုံးပြုပြီးစိုက်ပျိုးကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။