ပွင့်ဖြူ ဧပြီ ၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စုပေါင်းပြီး ယနေ့နံနက်ပိုင်းက ရှင်သာမဏေများကို ပင့်ဖိတ်၍ အရုဏ်ဆွမ်း လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။
ယင်းအရုဏ်ဆွမ်းလောင်းလှူပူဇော်ပွဲသို့ တောင်တွင်းကြီးမြို့နယ် ဗိဿနိုးပျူမြို့တော်ဟောင်းရှိ ရွှေရောင်တော်ဘုရားပရဝဏ်အတွင်း ကျင်းပခဲ့သော ရှင်အပါး(၅၀၀၀) ရှင်ပြုပွဲမှ သာသနာ့ဘောင်သို့ သွတ်သွင်းပေးခဲ့သည့် ပွင့်ဖြူမြို့နယ်မှ ရှင်သာမဏေများကြွရောက်တော်မူခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက အရုဏ်ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ကြပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ရှင်သာမဏေများကို ဗုဒ္ဓအဆုံးအမတရားတော်များနှင့်အညီ နေထိုင်ပြောဆိုတတ်စေရန်နှင့် ဘာသာအကျိုး/ သာသနာအကျိုးများကို သယ်ပိုးထမ်းရွက်နိုင်သော သာသနာ့အာဇာနည်ကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မြို့နယ်စီမုံပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ ရွှေစေတီဘုန်းတော်ကြီးကျောင်း၌ ဧပြီ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း(၃)ရက်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)