ဟုမ္မလင်းမြို့၌ အခြေခံစာတက်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်း အနားကျင်းပ

ဟုမ္မလင်း ဧပြီ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်အတွင်း ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတက်မြောက်ရေး လုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ဧပြီ (၈) ရက်နေ့၊ နေလည် (၁) နာရီက ဟုမ္မလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ သင်တန်းဖွင်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏အစီအစဥ်ဖြင့် ကျေးလက်နေပြည်သူများအပါအဝင် အစွန်အဖျား ကျသည့် ဒေသများတွင် နေထိုင်သော တိုင်းရင်းသားပြည်သူများ၏ စာတက်မြောက်မှုနှုန်းနှင့် အတန်းပညာတက်မြောက်မှုနှုန်းမြင့် မားစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လတ်၍ သင်တန်းကြီးကြပ်များနှင့်သင်တန်းသား/သူများအား သင်ထောက်ကူစာရေးကိရိယာများအား တာဝန်ရှိသူများ ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းကို (၁) ရက်လျင်ပျမ်းမျှ (၃) နာရီနှုန်းဖြင့် အနည်းဆုံးနာရီ (၁၂၀) ကြာ အသိပညာပေးခြင်းနှင့်စာသင်ကြားခြင်းများအား ရက်ပေါင်း (၄၀) သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် စာသင်ဝိုင်းများအနေဖြင့် ဟုမ္မလင်းမြို့နယ် ကောယားကျေးရွာ၊ တုံမာဟဲ၊ ထိန်ကင်း၊ မောင်းခမ်း၊ထွက်ဝ၊ နောင်ပင်၊ ပေပင်၊ အောက် မှိုင်းဝယ်၊ အုန်းဘက်၊ နောင်ပင်၊ ထမံသီ၊ ထမံသီထွက်ဝ၊ မန်လီ၊ ပင်းမာနှင့် မလင်းစုစုပေါင်း (၁၅) ရွာမှ စာသင်သား (၂၆၁) ဦးအားစာသင်ဝိုင်း (၁၅) ဝိုင်း၊ သင်တန်းနည်းပြ (၁၅) ဦးနှင့်ကြီးကြပ် (၂) ဦး တို့ဖြင့် ကြီးကြပ်ဖွင့်လှစ်သင်ကြားပို့ချပေးသွားဖြစ်ကြောင်း သိရသည်။

ဟုမ္မလင်း (ပြန်/ဆက်)