ကန့်ဘလူမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲများကျင်းပ

ကန့်ဘလူ ဧပြီ ၉

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ဧပြီ ၉ ရက်နံနက် ၁၁ နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ထပ်ဆင့်ရှင်း လင်းဆွေးနွေးပွဲကျင်းပသည်။

ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က နိုင်ငံအတွင်းမှိတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည် သူများအားလုံး ပြည်သူ့စစ်မှုထမ်းရန် တာဝန်ရှိကြောင်းနှင့်နိုင်ငံတော်ကိုကာကွယ်ရန် နိုင်ငံသားတိုင်းမှာ တာဝန်ရှိကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက် ၊စစ်မှုထမ်းရမည့် အသက်အရွယ် ၊ပြည်သူ့ စစ်မှုထမ်းရန် ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များအကြောင်းနှင့် တရားမဝင်မီဒီယာများ၏ Online ပေါ်တွင် ကောလာဟလလုပ်ကြံသတင်းများ လှုံ့ဆော်နေသကဲ့သို့ စိုးရိမ်ကြောင့်ကြမှု မဖြစ်ကြ ရန်အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါရှင်းလင်းဆွေးနွေးပွဲသို့ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ပြည်သူများစုစုပေါင်း ၃၇ ဦးတက်ရောက်ခဲ့ကြောင်းနှင့်တက်ရောက်လာသူများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ .

 အလားတူ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲကို အဆိုပါနေ့က ကန့်ဘလူမြို့ မြန်မာ့စာတိုက်လုပ်ငန်း ရုံးခန်းမ၌ လည်းကောင်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံး တွင်လည်းကောင်း သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် ဧပြီ ၈ ရက်က မြန်မာ့လယ်ယာဖွံ့ဖြိုရေးဘဏ်ရုံး၌ ခရိုင်မန်နေဂျာ ဒေါ်စန်းစန်းအေးက လည်းကောင်း၊ သဘာဝပတ် ဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံး၌ အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်ကလည်းကောင်း ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဝန်ထမ်းများ၊ဝန်ထမ်းမိသားစုများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)