ကျွန်းလှမြို့နယ်၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများသင်ကြားနေမှုအား ကြည့်ရှုအားပေး

ကျွန်းလှ ဧပြီ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော မြို့ပေါ်ရပ်ကွက်စာသင်ဝိုင်းများသို့ ယနေ့နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုးထွန်းနိုင်နှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့သည်။

ကျွန်းလှမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအတွက် ကြီးကြပ် (၂) ဦး၊ နည်းပြ (၁၈) ဦးတို့မှ စာသင်ဝိုင်း (၁၈) ဝိုင်း၊ စာသင်သား (၂၉၂) ဦးတို့အား ဧပြီ ၈ ရက်မှ မေ ၁၅ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ