ဇေယျာသီရိ ဧပြီ ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆီထွက်သီးနှံစိုက်ပျိုးရန်အတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ၂၀ ဒသမ ၄ သန်း ဒုတိယအကြိမ် ပြန်လည်ထုတ်ချေးခြင်းကို ဧပြီ ၅ ရက်နေ့နံနက်ပိုင်းက သစ်တပ်အုပ်စု၊ ကြို့ပင်ကျေးရွာ၊ ကျေးရွာတာဝန်ခံနေအိမ်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဇေယျာသီရိမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဦးမျိုးဇော်က စီမံကိန်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စီမံကိန်းကော်မတီအဖွဲ့နှင့် အသင်းသားများအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲအောင် စည်းလုံးညီညွှတ်စွာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး စိုက်ပျိုးရေးဆီထွက်သီးနှံ နေကြာ၊ နှမ်း စိုက်ပျိုးသည့် သစ်တပ်ကျေးရွာအုပ်စုမှ တောင်သူ ၅၀ ဦးအား ရန်ပုံငွေကျပ် ၂၀ ဒသမ ၄ သန်းအား Mobile Financial Payment စနစ်ဖြင့် အသင်းသားများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)