ပန်းတောင်း ဧပြီ ၁၂
လူငယ်လူရွယ်၊ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် အားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချခြင်း၊ ကျန်းမာကြံ့ခိုင်၍ အသိဉာဏ်ပညာ တိုးပွားစေသော အနာဂတ်လူငယ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော အခြေခံအေရိုးဗစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ အချိန်က ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နှင်းနုနွယ်က လူငယ်များအနေဖြင့် အားကစားနည်းအခြေခံများကို လေ့လာလိုက်စားခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး၊ အားကစားဆောင်ရွက်ခြင်းဖြင့် လူငယ်များ၏ ကျန်းမာကြံ့ခိုင်ရေးနှင့် နိုင်ငံတော်မှအားထားရသည့် မျိုးဆက်သစ် အားကစားမောင်မယ်များ ပေါ်ထွက်လာစေရန် ပုံမှန်လေ့ကျင့်ဆောင်ရွက်သွားသင့်ကြောင်းနှင့် အခြေခံအေရိုးဗစ်သင်တန်း ဖွင့်လှစ်ရာတွင် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးကြသူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး အခြေခံအေရိုးဗစ်သင်တန်း နည်းပြများဖြစ်သော အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်စောမာလာနှင့် အေရိုးဗစ်အက နည်းပြဆရာမ ဒေါ်ခင်ဆုမြတ်အောင်တို့မှ တက်ရောက်ခဲ့ကြသော သင်တန်းသား/သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)