တောင်ငူမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်

တောင်ငူ ဧပြီ ၁၂

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ တောင်ငူမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများကို ဆန်ရိက္ခာ ထောက်ပံ့ပေးအပ်သည်။

ထိုသို့ပေးအပ်ရာတွင် တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အမှတ်(၆)ရပ်ကွက်၊ နဂါးရုံဘုန်းတော်ကြီးကျောင်းရှိ တိုက်ပွဲရှောင်နေရပ်စွန့်ခွာသူ လူဦးရေ(၈၀၀)အတွက် ဆန်အိတ် (၇၅၀)အိတ်၊ အမှတ် (၆)ရပ်ကွက်၊  ဝေဠုဝန်ဘုန်းကြီးကျောင်းရှိ တိုက်ပွဲရှောင်နေရပ်စွန့်ခွာသူ လူဦးရေ(၂၇၁)ဦးအတွက် ဆန်အိတ်(၂၅၄)အိတ်၊ အမှတ်(၁၈)ရပ်ကွက်၊ ကြာနီကန်ဘုန်းတော်ကြီးကျောင်းရှိ တိုက်ပွဲရှောင်နေရပ်စွန့်ခွာသူ လူဦးရေ(၁၈၇)ဦးအတွက် ဆန်အိတ်(၁၇၅)အိတ်၊ အမှတ်(၂၀)ရပ်ကွက်၊ စကားကျောင်းရှိ တိုက်ပွဲရှောင်နေရပ်စွန့်ခွာသူ လူဦးရေ(၁၆၀)အတွက် ဆန်အိတ်(၁၅၀)အိတ်၊  စုစုပေါင်းလူဦးရေ(၁၄၁၈)ဦးအတွက် ဆန်အိတ် (၁၃၂၉)အိတ်၊  (၃)လစာ ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တောင်ငူခရိုင်အတွင်းရှိ တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူ အိမ်ထောင်စု (၉၁၉၇)စု၊ လူဦးရေ (၄၅၄၄၂)ဦးအား လူတစ်ဦးလျှင် တစ်ရက်ဆန်(၂)ဘူးနှုန်းဖြင့် (၃)လစာအတွက် စုစုပေါင်းဆန်အိတ်(၄၂၆၀၁)အိတ်အား ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဇော်ကိုကို(တောင်ငူ)