သံတောင်ကြီး ဧပြီ ၁၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ ဇိုင်ယာန်းနှစ်တော်အသင်းတော်မှ အမျိုးသမီးများအသင်းက ဦးဆောင်၍ အမျိုးသမီးများ အလုပ် အကိုင်အခွင့်အလမ်းရရှိရေး အမျိုးသမီးများဘဝမြင့်တင်ရေးနှင့် တစ်ပိုင် တစ်နိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဂျပ်ခုတ်သင်တန်းအား ယနေ့နံနက်(၉)နာရီအချိန် ကဇိုင်းယာန်းနှစ်ခြင်း အသင်းတော်အိမ်တွင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
“အမျိုးသမီးတွေအနေနဲ့ အိမ်မှာနေရင်းနဲ့တစ်ပိုင်တစ်နိုင်ကိုယ့်စီးပွားရေးလုပ်ကိုင်နိုင်ဖို့၊ ကရင်ရိုးရာ အမွေအနှစ်တွေမပျောက်ပျက်အောင်ထိန်းသိမ်းတတ်စေဖို့နဲ့ ကရင်ရိုးရာဂျပ်ခုတ်တဲ့အတတ်ပညာတွေကို မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းနိုင်ဖို့အတွက်ရည်ရွယ်ပြီး ဂျက်ခုတ်သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါတယ်”ဟု ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်အမျိုးသမီးများအသင်းဥက္ကဋ္ဌ ဆရာမနော်တာမလာထံ ကသိရသည်။
ဆိုပါ သင်တန်းတွင်ကရင်ရိုးရာအထည်များနှင့်လွယ်အိတ်ယက်နည်း စသည်တို့ကိုသင်ကြားပေးကာ သင်တန်းသူ(၁၅)ဦး တက်ရောက်ပြီး သင်တန်းဆရာမ(၂) ဦးဖြင့် သင်ကြားပေးခဲ့ကြောင်းနှင့် သင်တန်းကာလမှာ ဧပြီလ(၁၂)ရက်မှ မေလ(၁၀)ရက်အထိတစ်လတာ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
နော်နော်မူ