မအူပင် ဧပြီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဧပြီလ (၁၃)ရက်နေ့မှ (၁၆)ရက်နေ့အထိ ကျရောက်မည့် မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော်အား မအူပင်မြို့ တိုးရွှေဝါခန်းမရှေ့ဗဟိုမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ မြန်မာ့ယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော်အား ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားများ၊ ဆုပေးပွဲအခမ်း အနားများ၊ ရပ်ကွက်/ကျေးရွာများအလိုက် ယိမ်းအကအလှများ၊ အခြားအကအဖွဲ့များ၊ မြန်မာ့ရိုးရာ ရေသဘင်ပွဲတော်နှင့် လိုက်လျောညီထွေသည့် တီးလုံးများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ နေ့စဉ်စတုဒိသာများ ကျွေးမွေးလှူဒါန်သွားမည်ဖြစ်ပြီး ရွက်ပုန်းသီး အဆိုဝါသနာရှင်များ ပါဝင်ဖျော်ဖြေနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)