မြင်းခြံခရိုင်ရုံးတွင် နွေရာသီအခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ်

မြင်းခြံ ဧပြီ ၂၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် နွေရာသီအခြေခံကွန်ပျူတာ သင်တန်းကို ယမန်နေ့နံနက် (၉) နာရီမှ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

“နွေရာသီ ကျောင်းပိတ်ရက်များမှာ အခြေခံပညာအလယ်တန်းကျောင်းသား ကျောင်းသူများ အသိပညာ အတတ်ပညာ ဗဟုသုတတစ်ခုခု ရရှိစေရန်ရည်ရွယ်ပြီးတော့ ကျွန်မတို့ မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဦးဆောင်ပြီး နွေရာသီအခြေခံ ကွန်ပျူတာ သင်တန်းကို အခမဲ့ ဖွင့်လှစ်ပေးခြင်း ဖြစ်ပါတယ်"ဟု လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ပြောသည်။ “နည်းပညာဖွံ့ဖြိုးတိုးတက်နေတဲ့ခေတ်မှာ ကွန်ပျူတာကိုကလေးများ အသုံးပြုတတ်ဖို့ လိုအပ်ပါတယ်။ လုပ်ငန်းခွင်တော်တော်များများမှာလည်း ကွန်ပျူတာနဲ့ အလုပ်လုပ်ရတဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေရပါတယ်။ ကွန်ပျူတာ အခြေခံကို သိရှိနားလည်ကာ ကွန်ပျူတာနှင့်သက်ဆိုင် ပြီး မိမိတို့ဝါသနာပါသည့် လုပ်ငန်းများလုပ်ဆောင်နိုင်ရန်၊ နွေရာသီကျောင်းပိတ်ရက်များမှာ ကျောင်းသား/ကျောင်းသူများအချိန်ကို လစ်ဟာမှုမရှိစေဘဲ အတတ်ပညာတစ်ခုခု တက်မြောက်စေရန် ရည်ရွယ်ပြီး ကွန်ပျူတာအခြေခံကို သင်ကြားပေးခြင်းဖြစ်ကြောင်း" သင်တန်းနည်းပြဆရာ ဦးကျော်စွာဟိန်းက ပြောသည်။

အဆိုပါ နွေရာသီ အခြေခံကွန်ပျူတာ သင်တန်းကို ဧပြီလ (၂၄) ရက်နေ့မှ ဧပြီလ (၂၈) ရက်နေ့အထိ (၅) ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား/သူ (၁၃) ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)