တပ်ကုန်း ဧပြီ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက်(နောင်သင်္ခါ) အခြေခံပညာအလယ်တန်းကျောင်းတွင် ယဉ်ကျေးလိမ္မာသင်တန်းနှင့် ကွန်ပျူတာသင်တန်းများကို ယမန်နေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်သင်ကြားခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် အနော်ရထာရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပညာခေတ်တွင် အချိန်နှင့်အမျှ တိုးတက်စေရန်၊ နည်းပညာတီထွင်ဆန်းသစ်မှုများ မြင့်မာစေရန် ရှင်းလင်းပြောကြားကြောင်း၊ သင်တန်းများကို ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီမြင့်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ ၁၅၀ ဦး၊ တက်ရောက်ခဲ့ကြောင်း သိရပြီး၊ သင်တန်းများကို ဧပြီလ ၂၄ ရက်မှ မေလ ၃ ရက်ထိ နေ့စဉ်နံနက် ၉ နာရီမှ ၁၁ နာရီခွဲထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်