မုံရွာ မေ ၁
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူဖြစ်စေရန် ရာသီဥတုမျှတ ကောင်းမွန်စေရန်နှင့် ဒေသစိမ်းလန်းစိုပြည်ရေးကို အထောက်အကူပြုစေရန်တို့အတွက် မိုးရာသီပြည်သူ လူထုထံသို့ အခမဲ့ဖြန့်ဝေပေးနိုင်ရန် မုံရွာမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိရုံး၊ မြို့မပျိုး ဥယျာဥ်တွင် ပျိုးပင်ပေါင်း (၇၃၅၃၃)ပင်ကို ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ထိုသို့ပျိုးထောင်ထားရှိရာတွင် ကျွန်း၊တမာ၊မယ်ဇယ်၊ မယ်ဇလီ၊ ကံ့ကော်၊ ရေတမာ၊ သပြေဘူတ၊ ဗန်ဒါ၊ စိန်ပန်းကြီးနှင့် ခရေ စသည့် အရိပ်ရပန်းအလှစုစုပေါင်းပျိုးပင် (၇၃၅၃၃)ပင် ကို ပျိုးထောင် ထားရှိပြီး၊ မိုးရာသီသစ်ပင်စိုက်ပွဲတော်တွင် စိုက်ပျိုးရန်နှင့် မိုးရာသီဇွန်လဆန်းတွင် သစ်ပင် စိုက်ပျိုးမည့် ဌာနဆိုင်ရာရုံးများနှင့် ဒေသခံပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇင်ထွန်းထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)