၂၀၂၄-၂၀၂၅ ပညာသင်နှစ် အားကာသိပ္ပံ (မုံရွာ)၌ ခရိုင်အတွင်းရှိ စိတ်ပါဝင်စားသည့် အားကစားသမား သင်တန်းသား/သူရွေးချယ်ပွဲ ကျင်းပ

မုံရွာ မေ ၁

မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးဆက်သစ် အားကစားသမားများ ရှာဖွေဖော်ထုတ်ရေးတွင် အထောက်အကူပြုစေရန်၊ ဒေသအလိုက်ရွက်ပုန်းသီး၊ ထူးချွန်အားကစားသမားများ ပိုမိုပေါ်ထွက်လာစေရန်၊ မြန်မာ့အားကစား အောင်မြင်မှုများတွင် ဒေသအသီးသီးမှ တိုင်းရင်းသားများအားလုံး ပါဝင်နိုင်စေရန်နှင့် ဒေသအလိုက် အားကစားလုပ်ငန်းများ ဖွံ့ဖြိုးပြီး တိုင်းရင်းသားပြည်သူများ ကျန်းမာကြံ့ခိုင်စေရေးအတွက် ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်စေရန်တို့ ရည်ရွယ်ချက်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အားကာသိပ္ပံ (မုံရွာ)၌ ခရိုင်အတွင်းရှိ စိတ်ပါဝင်စားသည့် အားကစားသမား သင်တန်းသား/သူရွေးချယ်ပွဲကို ယမန်နေ့ နံနက် (၇) နာရီက မုံရွာမြို့ ပြည်သူ့ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ကျောင်းအုပ်ကြီး ဦးကျော်ကျော်နှင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဇော်လွင်တို့က တက်ရောက်လာကြသည့် မြို့နယ်အားကစားမှူးများအနေဖြင့် ဦးစီးဌာနမှ ချမှတ်ထားသည့် သတ်မှတ်ချက်နှင့်ကိုက်ညီသောသော သင်တန်းသား/သူ သစ်များရရှိအောင် ကြိုးစားခေါ်ဆောင် လာပေးသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်းနှင့်  လာမည့်ပညာသင်နှစ်တွင် အားကစားနည်း (၆) နည်းအဖြစ် ပြေးခုန်းပစ်၊ လက်ဝှေ့၊ ဘောလုံး၊ ကရာတေး၊ ပိုက်ကျော်ခြင်းနှင့် အလေးမ အားကစားနည်းများတွင် သင်တန်းသား/သူ လျာထားချက် (၁၂၀) ဦးအား လေ့ကျင့်သင်ကြားပေစနိုင်ရန် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အားကာသိပ္ပံ (မုံရွာ) ၌ ခရိုင်အတွင်းရှိ စိတ်ပါဝင်စားသည့် အားကစားသမား သင်တန်းသား/သူ (၄၀) ဦး ပါဝင်ရွေးချယ်ခံခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)