လူရည်ချွန်စခန်း(ငွေဆောင်)မှ တာဝန်ရှိသူများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဧကာဒသမတန်း လူရည်ချွန်မောင်မယ်များ၏ ရင်တွင်းစကားသံများ

 ငွေဆောင် မေ  ၂

ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့ လူရည်ချွန်စခန်း (ငွေဆောင်)၌ မြန်မာတစ်နိုင်ငံလုံးမှ ၂၀၂၄-၂၀၂၄ ပညာသင်နှစ် ဧကာဒသမတန်း လူရည်ချွန်မောင်မယ် ၁၃၅ ဦးနှင့် ကြီးကြပ်ဆရာဆရာမများသည် ဧပြီ ၂၇ ရက်မှ မေ ၁ ရက်နေ့အထိ ယာယီစခန်းချ၍ လူရည်ချွန် ဟောင်းကြီးများနှင့် ရင်းနှီးနွေးထွေးစွာတွေ့ဆုံခြင်း ဒေသန္တရဗဟုသုတလေ့လာခြင်း၊ ကမ်းခြေတွင်အပန်းဖြေခြင်းတို့ကိုဆောင်ရွက်လျက်ရှိသည်။ အဆိုပါလူရည်ချွန်စခန်းတွင် ရောက်ရှိနေသည့် လူရည်ချွန်စခန်း ငွေဆောင်မှ တာဝန်ရှိသူများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဧကာဒသမတန်းလူရည်ချွန် မောင်မယ်များ၏ ရင်တွင်းစကားသံများကို ပြည်သူများ သိရှိနိုင်ရန်အတွက်ဖော်ပြအပ်ပါသည်။

ဒေါ်အေးမြင့်(ဖျာပုံခရိုင်ပညာရေးမှုး၊ လက်ထောက်စခန်းမှူး)

ကျွန်မတို့အနေနဲ့ ကတော့လေ့လာရေးခရီးကို ၂ ရက် ဆောင်ရွက်ခဲ့ပါတယ်။ (၂၈)ရက်နေ့မှာ ရွှေမုဌောဘုရား၊ ရွှေစာပုသိမ် ထီးလုပ်ငန်း၊ ရွှေမြင်း၊ ရွှေမြင်းပျံ ဟာလဝါလုပ်ငန်းတွေကိုလေ့လာ ပြီးတော့မြို့တော် ခန်းမမှာတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး သြဝါဒခံယူခဲ့ပါတယ်။ ညနေပိုင်းတွေ မှာသဲသောင်ပြင်မှာ လွတ်လွတ်လပ်လပ်ဆော့ကစားပြီး ရေကူးအပန်းဖြေကြပါ သည်။ ညပိုင်းမှာဆိုရင်အမှတ် (၁)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲနဲ့ဒေသခံအခြေခံ ပညာကျောင်း တွေကအဆို၊ အကတွေနဲ့ လာရောက်ဖျော်ဖြေကြသလို လူရည်ချွန် မောင်မယ်လေးတွေကလည်း တေးသီချင်းအကအလှတွေနဲ့ ပြန်လည်ကပြဖျော်ဖြေကြပါတယ်။ (၃၀)ရက်နေ့မှာတော့  ချောင်းသာလူရည်ချွန် စခန်းနှင့်ငွေဆောင် လူရည်ချွန်စခန်းက မောင်မယ် များဟာ စခန်းတစ်ခုနှင့်တစ်ခု အပြန်အလှန်သွားရောက်လည်ပတ်ကြမှာဖြစ်ပြီး ငွေဆောင် ဆင်စခန်းနဲ့ယုဇန ပုဇွန်မွေးမြူရေးကန် ချောင်းသာနားမှာရှိတဲ့ Sea & Lake နဲ့ငွေဆောင်နဲ့ ချောင်းသာစျေးတန်းမှာစျေးဝယ်ထွက်မှာဖြစ်ပါတယ်။ ဒီအစီအစဥ်ကတော့တိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့စေတနာနဲ့ကလေးတွေကို ဒေသန္တဗဟုသုတ ပိုမိုရရှိအောင်စီစဥ်ဆောင်ရွက် ပေးထားတာဖြစ်ပါတယ်။ ညပိုင်းမှာဆိုရင်ညနေ(၅)နာရီခွဲမှာ စခန်းပိတ်ပွဲမီးပုံပွဲကို ကျင်းပပြု လုပ်မှာဖြစ်ပါတယ်။ မီးပုံပွဲမှာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီးတိုင်း ပညာရေးမှုးနှင့်တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်မှာဖြစ်ပါတယ်။ ပြီးတော့ မီးပုံးပျံတွေ၊ မီးရှုးမီးပန်းတွေ ပစ်လွှတ်ကြပြီး ဧရာဝတီတိုင်းဒေသကြီးအကြောင်း ရေးစပ်ထားတဲ့ သီချင်းတွေနဲ့ အခြားသီချင်းတွေကို ပျော်ရွှင်စွာနဲ့ဝိုင်းဖွဲ့သီဆိုပြီး စခန်းကို ပိတ်သိမ်းမှာ ဖြစ်ပါတယ်။ (၁)ရက်နေ့မှာတော့ မနက်(၇)မှာငွေဆောင် လူရည်ချွန်စခန်း ကနေပြန် လည်ထွက်ခွာပြီးပန်းတနော် ငါးမွေးမြူရေးကန် ကိုသွားရောက်လေ့ လာပြီး ဧရာဝတီတိုင်း ကလူရည်ချွန်များကတော့ သက်ဆိုင်ရာမြို့နယ်ပညာရေးမှုးရုံး တွေကလည်း လာရောက် ခေါ်ဆောင်မှာဖြစ်ပါတယ်။ ကျန်ဒေသကလူရည်ချွန်များကတော့ ရန်ကုန်ကို ဆက်လက်ထွက်ခွာမှာဘဲ ဖြစ်ပါတယ်။

မောင်ဇော်ထက်(နှစ်ထပ်ကွမ်းလူရည်ချွန် ရှမ်းပြည်နယ်)

ကျွန်တော်ကရှမ်းပြည်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့မှနှစ်ထပ်ကွမ်း လူရည်ချွန် မောင်ဇော်ထက်ပဲ ဖြစ်ပါတယ်။ ကျွန်တော်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်နဲ့ ၂၀၂၃-၂၀၂၄ ပညာသင် နှစ်တွေမှာလူရည်ချွန်ရရှိခဲ့ပြီး နှစ်ထပ်ကွမ်း လူရည်ချွန်ရရှိခဲ့တာပဲ ဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်အနေနဲ့ လူရည်ချွန်ရရှိအောင်ဘယ်လိုကြိုးစားလဲဆိုရင်တော့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာစတဲ့ ကျောင်းစာတွေကို အကောင်းဆုံးလေ့လာကျက် မှတ်ကြိုးစားခဲ့ပါတယ်။ အထွေထွေဗဟုသုတနဲ့ ပတ်သတ်ရင်လည်းနေ့စဥ်ထုတ်သတင်း စာတွေ၊ စာအုပ်စာပေတွေကို အမြဲတမ်း သေချာ လေ့လာဖတ်ရှု လေ့လာဖြစ်ပါတယ်ခင်ဗျာ။ ကာယနဲ့ပတ်သက်ရင်လည်း နေ့စဥ်မနက်ပိုင်းနဲ့ညနေပိုင်း Trainer တွေနဲ့သေချာလေး Train ပါတယ်။ လူရည်ချွန်ရရှိအောင် ကြိုးစားချင်တဲ့ ညီငယ်၊ ညီမငယ်တွေဆိုရင်လည်း ကိုယ့်ရဲ့တစ်နေ့တာ သင်ကြားလေ့လာ ခဲ့ရသမျှစာတွေကို တစ်လုံးမကျန်မှတ်သား နိုင်ရမယ်၊ လူရည်ချွန်ဆိုတာ ပညာတစ်ခုထဲတော်ရုံနဲ့ လူရည်ချွန်မဖြစ်နိုင်ပါဘူး။ ကာယ၊ ဥာဏ ဘက်စုံထူးချွန်နေရမှာ ဖြစ်ပါတဲ့အတွက် ကိုယ့်ရဲ့ပညာပိုင်း တစ်ခုထဲမဟုတ်ဘဲ ဥာဏပိုင်းမှာရော၊ ကာယပိုင်းမှာပါ အဖက်ဖက်က ထူးချွန်အောင် ဆောင်ရွက်သင့်ပါတယ်။ စာပေပိုင်းမှာဆိုရင်လည်း ကျောင်းစာအပြင် အထွေထွေ ဗဟုသုတ ကိုလည်းလေ့လာမှတ်သား ရမယ်။ ကာယပိုင်းမှာ ဆိုရင်လည်းကိုယ်ကာယ လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ရမယ့်အပြင် အစားအစာစားသောက်မှု ပုံစံတွေကိုလည်း ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ငွေဆောင်လူရည်ချွန် စခန်းမှာဆိုရင်သွားရောက် လည်ပတ်လေ့လာရမယ့် နေရာတွေကအရမ်း စိတ်ဝင်စားစရာကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ကျွန်က တောင်ပေါ် ဒေသကလာတဲ့လူဖြစ်တဲ့အတွက် ပင်လယ်ကမ်းခြေဒေသ ရဲ့သဘာဝအလှ ကိုကြည့်ရှုခံစားပြီး ပင်လယ်ကမ်းခြေဒေသနဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေကို လေ့လာချင်ပါတယ်။ နောက်တစ်ခုကမြန်မာ့ရိုးရာ ပုသိမ်ထီးကိုလည်းအရမ်း စိတ်ဝင်စားပါတယ်။ အခုလိုစိတ်ဝင် စားဗဟုသုတ ရဖွယ်ရာနေရာတွေကို လိုက်ပို့ပေးတဲ့နိုင်ငံတော်အကြီး အကဲများနဲ့ တာဝန်ရှိ သူများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

မသီရိထွန်း(နှစ်ထပ်ကွမ်းလူရည်ချွန်၊မန္တလေးတိုင်းဒေသကြီး)

 သမီးကတော့မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့မှ ၂၀၂၂-၂၀၂၃လူရည်ချွန်၊ ၂၀၂၃-၂၀၂၄လူရည်ချွန်ဆုရရှိခဲ့တဲ့ နှစ်ထပ်ကွမ်းလူရည်ချွန် မသီရိထွန်းဘဲဖြစ်ပါတယ်ရှင်။ ငွေဆောင်လူရည်ချွန် စခန်းမှာလေ့လာစရာတွေများစွာ ရှိတာတွေ့ရပါတယ်။ ဧရာဝတီတိုင်း ဒေသကြီးဟာ မြန်မာ့စပါးကျီလို့တင် စားရလောက်အောင် ငွေဆောင် လူရည်ချွန်စခန်းလာရာ လမ်းတစ်လျှောက်မှာလည်း လယ်ကွင်းတွေအများကြီးကို တွေ့ခဲ့ရတဲ့အတွက် အရမ်းကိုအံ့သြပျော်ရွှင်မိပါတယ်။ ဒီလိုဒေသန္တရဗဟုသုတတွေကို လေ့လာခွင့်ရတဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားပျော်ရွှင်မိပါတယ်။ သမီးတို့အနေနဲ့ရှေမုဋ္ဌောဘုရား၊ ငွေဆောင်၊ ချောင်းသာနဲ့ ရွှေသောင်ယံကမ်းခြေတို့အပြင် မြန်မာ့ပုသိမ်ထီးလုပ်ငန်း၊ ပုသိမ်ဟာလဝါ၊ ငွေဆောင်ဆင်စခန်း၊ ယုဇနငါးမွေးမြူရေးကန်နဲ့ ပန်းတနော်ငါးမွေးမြူရေးကန်တို့ကို လေ့လာခွင့်ရတဲ့အတွက် အရမ်းကိုစိတ်လှုပ်ရှားဂုဏ်ယူမိပါတယ်။ လူရည်ချွန်ဆိုတာ ပညာရေးဆိုင်ရာမှာသာမက ကာယပိုင်း၊ ဥာဏပိုင်းနဲ့ အဘက်ဘက်မှာပါထူးချွန်အောင်ကြိုးစားကြရတဲ့ သူတွေဖြစ်တဲ့အတွက်လူရည်ချွန်ဖြစ်ချင်ကြတဲ့ မောင်ငယ်၊ ညီမငယ်လေးတွေ အနေနဲ့ပိုမိုကြိုးစားကြပါ။ ကြိုးစားနေသရွေ့ အောင်မြင်မှုပန်းတိုင်ကို လတစ်နေ့နေ့မှာရောက်ကိုရောက်ပါလိမ့်မယ်လို့ တိုက်တွန်းပြောကြားချင်ပါတယ်ရှင်။

တိုင်းဒေသကြီး (ပြန်/ဆက်)