သရက် မေ ၂
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အပူဒဏ်ကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော်ဘုရားကြီး ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်ခင်ဌေးလှိုင်က အပူဒဏ်ကာကွယ်ရေးနှင့် ပတ်သက်သည်များ ပြောကြားရာမှာ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ အပူဒဏ်ကြောင့် သတိလစ်ခြင်း၊ လိုက်နာဆောင်ရွက်ရန်အချက်များနှင့် ရှောင်ကြဉ်ရန်အချက်များတို့ကို ပြောကြားပေးခဲ့သည်။
ထို့နောက် သားဖွားဆရာမ ဒေါ်မြင့်မြင့်ဝေက သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်သည်များ ပြောကြားရာမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရသည့် အကြောင်းအရာများ၊ ရောဂါလက္ခဏာများအကြောင်း၊ သွေးလန့်လက္ခဏာများအကြောင်းအရာတို့ကို ဟောပြောပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)