ဟိုပုံး မေ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ကို ဇန်နဝါရီလအတွင်း အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်းများ၊ ဆေးရုံ၊ ဈေး၊ နေအိမ်များ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ဘေးလွတ်ရာနေရာများသို့ ယာယီတိမ်းရှောင်နေထိုင်ခဲ့ရပါသည်။
ယခုအခါ ဆီဆိုင်မြို့နယ်အတွင်း နယ်မြေဒေသလုံခြုံရေး အခြေအနေပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ဆီဆိုင်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ သောက်သုံးရေအဆင်ပြေစေရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အိမ်တိုင်ရာရောက် သောက်သုံးရေဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ သောက်သုံးရေဖြန့်ဝေနေမှုအား ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လွင်လွင်ဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုပြီး ဆီဆိုင်မြို့နယ်အတွင်း သောက်သုံးရေများလိုအပ်ပါက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)