မိုးနဲ မေ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် လွယ်ပြေရပ်ကွက်၊ မဟာရန်အောင် အုဋ်ကျောင်းတိုက် သံဃာ့နာယကဆရာတော်မှ ကြီးမှူးကျင်းပပြုလုပ်သော တတိယအကြိမ်မြောက် အမျိုးသမီးပူဇနိကအဖွဲ့၏ အသံမစဲအဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် ပိဋိကတ်သုံးဘုံတရားစားများ လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၆ နာရီအချိန်က အဆိုပါကျောင်းတိုက်နေရာ၌ ကျင်းပပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွက်ဆိုပူဇော်၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မဟာရန်အောင်အုဋ်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ထံမှ ငါပါးသီလ ခံယူခဲ့ကြပြီး သံဃာတော်များ ဟောကြားတော်မူသော ပရိတ်တရားတော်များကို အတူတကွ နားယူခဲ့ကြသည်။
ထို့နောက် မိုးနဲမြို့၊ လွယ်ပြေရပ်ကွက်နေ (အငြိမ်းစား) မြို့နယ်သူနာပြုဆရာမကြီး ဒေါ်မြသွယ် မိသားစုတို့မှ ပိဋကတ်သုံးဘုံ တရားစာအုပ်များ လှူဒါန်းပေးခဲ့ပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)