ကျောက်မဲမြို့တွင် ဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား

ကျောက်မဲ မေ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ် (၁)ရပ်ကွက်၊ နယ်မြေ(၆)၊ နွယ်သာဂီလမ်းတွင်  ယမန်နေ့ ညနေ ၃ နာရီကျော်အချိန်က  မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီး မွေ့ယာနှင့်အနီးရှိ အဝတ်ပုံပေါ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုဖြစ်ပွားရာသို့ ကျောက်မဲခရိုင်မီးသတ်မှ မီးသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၁ စီးဖြင့် အချိန်မီ သွားရောက်မီးငြှိမ်းသတ်ခဲ့ပြီး ‌နေအိမ်အိပ်ခန်းအတွင်းရှိ မွေ့ယာနှင့် အဝတ်အနည်းငယ်သာ မီးလောင်ပျက်စီးမှုရှိခဲ့ကြောင်းနှင့် လူ၊ တိရိစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)