နတ်မောက်မြို့ စည်ပင်သာယာရေးဈေးရုံအတွင်း အရေးပေါ်မီးသတ်ကား ဝင်ရောက်နိုင်ခြင်း ရှိ/မရှိ သရုပ်ပြ မောင်းနှင်ခြင်း ဆောင်ရွက်

နတ်မောက် မေ ၉

ကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဦးဆောင်၍ မြို့မဈေးရုံအတွင်း အရေးပေါ်မီးသတ်ကားဝင်ရောက်နိုင်ခြင်း ရှိ/မရှိ သရုပ်ပြမောင်းနှင်ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။                  

မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိမှ ဦးဆောင်ကြီးကြပ်၍ စည်ပင်သာယာရေးကော်မတီဝင်များ၊ ရုံးအဖွဲ့ဝန်ထမ်းများနှင့် ဆိုင်ခန်းရှင်များ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် ဈေးအတွင်း/အပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရန်၊ ဈေးအတွင်း ရာသီဥတုဒဏ်ကြောင့် ရောင်းကုန်ပစ္စည်းများ ပျက်စီးမှုမရှိစေရေးနှင့် အပူဒဏ်လျော့ချနိုင်ရေးရည်ရွယ်၍  ကိုယ့်အားကိုယ်ကိုး ဈေးရုံလျှောက်လမ်းအမိုး၊ ဆိုင်ခန်းလမ်းကြားများအား ကွန်ကရစ်ခင်းခြင်းများ တည်ဆောက်လျက်ရှိသည်။ ထို့ပြင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ အဖွဲ့ဝန်ထမ်းများက ညစဉ်ဆောင်ရွက်လျက်ရှိပြီး ဈေးရုံအတွင်း အရေးပေါ်မီးသတ်ကား ဝင်ရောက်နိုင်ခြင်း ရှိ/မရှိ သရုပ်ပြမောင်းနှင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူမူစန်း