လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အခမ်းအနားမှူးသင်တန်း အမှတ်စဉ်(၂/၂၀၂၄) ဖွင့်လှစ်

လားရှိုး မေ ၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခမ်းအနားမှူး သင်တန်းအမှတ်စဉ် (၂/၂၀၂၄) ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက Community Centre ရှိ သင်တန်းခန်းမတွင် ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး  ဦးလှဌေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က သင်တန်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်း အမှတ်စဉ်(၂/၂၀၂၄)သို့ သင်တန်းသား၊ သင်တန်းသူ (၃၆) ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ ၅ ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)