ကာလိမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ကာလိ မေ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း) ကာလိမြို့၊ မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်နှင့် အခြားသော မီးမတော်တဆမှုများနှင့် ပတ်သက်သည့် လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိပြီး ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မှု၊ မီးလန့်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူးများ (DCP) ဖြင့် လျင်မြန်စွာ မီးငြှိမ်းသတ်နိုင်ရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ နယ်မြေရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ဇာတ်တိုက်လေ့ကျင်မှုကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင်မှုတွင် မီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးစီးမှူး ဦးရဲမင်းဟိန်းက မီးလောင်မှု ဖြစ်ပွားပါက စတင်ဆောင်ရွက်ရမည့်အချက်များ၊ မီးလောင်မှုဖြစ်ပေါ်စေသည့် အကြောင်းအရင်းများကို ရှင်းလင်းပြောကြားပြီ မီးလောင်မှုဖြစ်ပွားလာပါက မီးငြှိမ်းသတ်ပုံနှင့် ကယ်ဆယ်ရာတွင် လက်တွေ့အသုံးပြု သရုပ်ပြခဲ့ကြောင်းသိရ သည်။

အဆိုပါသရုပ်ပြပွဲသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးဆန်းမြင့်သန်းနှင့် ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနသတ်ဖွဲ့ဝင်များ၊ မြို့စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ့ရဲသတ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်သူ/သားများ တက်ရောက်ကြည့်ရူခဲ့ကြကြောင်း သိရသည်။

ကာလိ(ပြန်/ဆက်)