ရမည်းသင်းမြို့ ကတင်ရေးရွာတွင် ဝါသီးနှံဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးနည်းပညာပေး ကွင်းသရုပ်ပြပွဲ့နှင့်လက်တွေ့ဆောင်ရွက်

ရမည်းသင်း မေ ၁၀

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ဝါသီးနှံဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးဌာန ဒုတိယညွှန်ကြားမှူးနှင့် လက်ထောက်ညွှန်ကြားရေးများ လိုက်ပါလျက် ရမည်းသင်းမြို့ ကတင်ရေးရွာ ကွင်းအမှတ် ၁၀၈၉၊ ဝါသီးနှံစိုက်ဧက (၄၅၁)ဧက၌ ဝါသီးနှံဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး နည်းပညာပေး ကွင်းသရုပ်ပြပွဲ့နှင့်လက်တွေ့ဆောင်ရွက်ပွဲကို ယနေ့နံနက်၉နာရီ၌ ကတင်ကျေးရွာဝါစိုက်ကွင်းသို့ တက်ရောက်အားပေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဒုတိယဝန်ကြီးသည် တောင်သူများ ပူပေါင်းပါဝင်သည့် ဝါသီးနှံသုတေသနကို လက်တွေ့ဆောင်ရွက်ကြရန်၊ လယ်သမားနှင့်စိုက်ပျိုးရေးနည်းပညာရှင်များ အမြဲထိတွေပြီး နည်းပညာများမျှဝေကာ အထွက်နှုန်းမြှင့်မားလာမည်ဖြစ်ကြောင်း၊ မျိုးကောင်းသုံးစွဲကြရန်နှင့်စပ်မျိုးသီးနှံများ အထွက်နှုန်းလျော့နည်းကြောင်း၊ ရေကိုအကျိုးရှိရှိအသုံးချရန်၊ ဝါပိဿအထွက်နှုန်းတိုးပွားရေး၊ ဝါသီးနှံပိုးမွှားကာကွယ်နိုင်မှ အရည်အသွေးကောင်းမည့် ဝါသီးနှံထွက်ရှိကာ သီးနှံဈေးကွက်ကောင်းရရှိမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်မာလာမြင့်မှ ဝါသီးနှံကျရောက်နိုင်သောပိုးမွှားအန္တရာယ်များအကြောင်း ပိုးသတ်ဆေးဖျန်ရန်ရက်(၈၀)အတွင်း နှစ်ကြိမ်၊ ပိုးမွှားကျရောက်မှုအပေါ် ကာကွယ်ဆေးအသုံးပြုနည်းအဆင့်ဆင့်ကို ပရိုဂျက်ဖြင့်လည်းကောင်း၊ ဝါစိုက်ခင်း အနားဘောင်ပေါ်၌ ပိုက်ဆံလျော်စိုက်ပျိုးခြင်းဖြင့် ပိုးမွှားကိုကာကွယ်နိုင်ကြောင်း ရှင်လင်းပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီနီထိန်မှ သီးနှံရောဂါကာကွယ်နှိမ်နင်းရန် ထောင်ချောက်ထောင်နည်းကိုလည်းကောင်း၊ ပိုးမွှားများလာပါက (yellow) စတစ်ကာအသုံးမပြုရန် သတိရှိကြရန်လိုကြောင်း၊ အဓိကသီးလုံးထွက်လာချိန်၌ ပိုးမွှားများက ဥဥကြကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝါစိုက်တောင်သူများ၏ စိုက်ခင်းအတွင်းလှည့်လည်ကြည့်ရှုပြီး လိုအပ်ချက်များ ကူညီပံ့ပိုးသွားရန် တာဝန်ရှိသူများအား မှာကြားသည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့်ဝါစိုက်တောင်သူ (၄၉)ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)