သရက်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၏ ရာပြည့်ပွဲတော်ကျင်းပရေး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

သရက် မေ ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ အမှတ် (၁) အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (အမှတ်-၁ အခြေခံပညာအထက်တန်းကျောင်း) ၏ ရာပြည့်ပွဲတော်ကျင်းပရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၈) နာရီက အမှတ် (၁) အခြေံပညာအထက်တန်းကျောင်း ဧရာခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးစိုးလှမြင့်က ရာပြည့်ပွဲတော်အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းခဲ့သည်။

ထို့နောက် ရာပြည့်ပွဲတော် ဖြစ်မြောက်ရေးကော်မတီများမှ မိမိတို့ကော်မတီအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို တင်ပြပေးခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တင်ပြပေးမှုအပေါ် လိုအပ်သည်များဖြည့်စွက်၍ ပေါင်းစပ်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)