ကန်ကြီးထောင့် မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ သောက်သုံးရေများ လှူဒါန်းပေးခြင်းကို ယနေ့ နံနက်ပိုင်းက အမှတ်(၆) ရပ်ကွက်၊ ဒိုက်ထူကျေးရွာရှိ အောင်မင်္ဂလာသိဒ္ဓိကျောင်းတိုက်တွင် လှူဒါန်းပေးခဲ့ကြသည်။
ထိုသို့ သွားရာက်လှူဒါန်းရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုး၏ ဦးဆောင်မှုဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးတက်နိုင်ထွန်းနှင့် သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ဒိုက်ထူကျေးရွာ၊ အောင်မင်္ဂလာသိဒ္ဓိကျောင်းတိုက်ရှိ သောက်သုံးရေကန်များအား ဆေးကြောသန့်စင်ပေးပြီး သောက်သုံးရေဂါလံ(၈၀၀)အား သွားရောက် လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)