ဖျာပုံ မေ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူခြင်းကို မေလ (၉)ရက်နေ့ နံနက်(၉)နာရီ အချိန်က ဖျာပုံမြို့နယ်ပညာရေးမှူးရုံးရှေ့တွင်ပြုလုပ်သည်။
အဆိုပါ ကျောင်းအပ်နှံရေး သီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံး ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးဝင်းနှင့် ဝန်ထမ်းများ၊ မြို့ပေါ် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ကြပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းကြသည်။ မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ(၂၃) ရက်နေ့မှ ဇွန်လ(၂)ရက်နေ့ အထိဖြစ်ပြီး၊ ယခု ကျောင်းအပ်နှံရေးဆိုင်းဘုတ် စိုက်ထူရခြင်းမှာ ”ကျောင်းနေအရွယ် ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံရေးနှင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ဆရာ၊ ဆရာမများ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်စေရန်ရည်ရွယ်၍ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ် စိုက်ထူရခြင်းဖြစ်ကြောင်း ဖျာပုံမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
အောင်ဝင်းနိုင်း(ဖျာပုံခရိုင်ပြန်/ဆက်)