ပိုင်ကျုံ မေ ၁၀
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအကြောင်း သိကောင်းစရာများကို ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ပိုမိုရရှိစေရန်အတွက် ယမန်နေ့က နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက ကလေးအလုပ်သမားပပျောက်ရေး၏ ရည်မှန်းချက်(၃)ချက်၊ ကလေး အလုပ်သမား၏အဓိပ္ပါယ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေး အလုပ်သမားများ၏ အလုပ်ချိန် ကန့်သတ်ချက်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောပြီး ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိ ပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသားလူငယ်များနှင့် ဒေသနေပြည်သူများ အသိပညာဗဟုသုတ ရရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ၊ ပြိုင်ပွဲများနှင့် အသိပညာပေး(Talk Show)ဆွေးနွေးပွဲများ လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)